ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ပြီး အဘိစမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ရေလည်စေတီတော် ဆုတောင်းပြည့်ငါးစပ်ဘုရားတန်ဆောင်းတော်၌နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။



