back

ကျိုင်းတုံမြို့တွင် စော်ဘွားဈေးနေ့ မတ်လ(၂၀)ရက်နေ့ ပြုလုပ်မည်

Mar 05 • 10:02 AM

breaking-news

မြန်မာ

ရှမ်း

cover

ကျိုင်းတုံမြို့တွင် စော်ဘွားဈေးနေ့ မတ်လ(၂၀)ရက်နေ့ ပြုလုပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ တစ်နှစ်လျှင် တစ်ရက်၏ နေ့တစ်ပိုင်းသာ ခင်းကျင်းရောင်းချလေ့ရှိသည့် စော်ဘွားဈေးနေ့ ဟု ခေါ်သည့် ဈေးဟောင်းနေ့( ဝမ်းကတ်ကောင်...


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ တစ်နှစ်လျှင် တစ်ရက်၏ နေ့တစ်ပိုင်းသာ ခင်းကျင်းရောင်းချလေ့ရှိသည့် စော်ဘွားဈေးနေ့ ဟု ခေါ်သည့် ဈေးဟောင်းနေ့( ဝမ်းကတ်ကောင်ဝ် ၊ ဝၼ်းၵၢတ်ႇၵဝ်ႇ)အား ယခုနှစ်တွင်မတ်လ(၂၀)ရက်နေ့ ကြာသပတေးနေ့ကို သတ်မှတ်လိုက်ကြောင်း သိရသည်။နှစ်စဉ်ကျင်းပလေ့ရှိသည့် စော်ဘွားဈေးနေ့၏ သတ်မှတ်ရက်များမှာ နှစ်စဉ် ရက်တူလေ့မရှိဘဲ ဂုံသျှမ်းပြက္ခဒိန်အရ ရွေးချယ်ခြင်းဖြစ်ကြောင်းနှင့် ဈေးနေ့တွင် ရိုးရာအစားအစာ နှင့် အသုံးအဆောင်များ ရောင်းချလေ့ရှိကြောင်း သိရပါသည်။




news-view-count-icon

28