ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကနေ တွန်းဇံမြို့နယ်ကို အလုပ်လုပ်ဖို့ သွားရင်း တောမီးလောင်မှုနဲ့ ကြုံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် မောင်ဆွင်ခန့်ကိမ်ဟာ မတ်လ ၄ရက်နေ့မှာ မီးလောင်ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါသည်။ မောင်ဆွင်ခန့်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ရှိ ပြည်သူ့ဆေးရုံမှာ ဆေးကုသခဲ့ပေမယ့် မနေ့က ညနေ ၆နာရီပဲ သေဆုံးခဲ့ပြီးကျန်းဖိုင်က တစဆင့် ဇာတိရွာကို အလောင်းပြန်သယ်ကာ မတ်လ ၆ ရက်နေ့မှာ သဂြိုလ်မှာ ဖြစ်တယ်လို့သိရပါသည်။



