back

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဓားထိုးခံရ၍ အမျိုးသား (၁) ဦးသေဆုံးသွား

Mar 05 • 8:05 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဓားထိုးခံရ၍ အမျိုးသား (၁) ဦးသေဆုံးသွား

မတ်လ ၄ ရက် ည ၉ နာရီဝန်းကျင်တွင်ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စံပယ်လမ်းနှင့် ပိတောက်လမ်းထောင့်တွင် ဓားထိုးခံရ၍ အမျိုးသား (၂) ဦးအနက် (၁) ဦးသေဆုံးသွားခဲ့...

မတ်လ ၄ ရက် ည ၉ နာရီဝန်းကျင်တွင်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စံပယ်လမ်းနှင့် ပိတောက်လမ်းထောင့်တွင် ဓားထိုးခံရ၍ အမျိုးသား (၂) ဦးအနက် (၁) ဦးသေဆုံးသွားခဲ့ပါတယ်။ယင်းဖြစ်စဉ်မှာ ထန်းတပင်မြို့နယ်၊ အလယ်ရွာရှိ ဥက္ကဌဖြစ်သူမှ မြို့ခံလူမှုကူညီရေးအသင်းထံသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ပြီး သွေး အိုင်ထဲတွင် လှဲလျောင်းနေသည့် အမျိုးသားတစ်ဦးကို လှိုင်သာယာ အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ပြီး နောက် ထိုအမျိုးသားမှာ ဆေးကုသနေစဉ်အတွင်း ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဓားထိုးခံရမှုကြောင့် သေဆုံးသည့် အမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ရှိပြီး၊ ၎င်းမှာ ထန်းတပင်မြို့ နယ်ရှိ အလယ်ရွာတွင် နေထိုင်သူလည်းဖြစ်ပါတယ်။


news-view-count-icon

23