back

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးပြီး သတ်ဖြတ်ခံရမှုဖြစ်ပွား

Mar 05 • 7:50 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးပြီး သတ်ဖြတ်ခံရမှုဖြစ်ပွား

မတ်လ ၄ရက်၊ညက ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့ ၊ရပ်ကွက် ၅ က နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့သတ်ဖြတ်ခံထားရတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး...

မတ်လ ၄ရက်၊ညက ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့ ၊ရပ်ကွက် ၅ က နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့သတ်ဖြတ်ခံထားရတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။‌ေသဆုံးသူဟာ သတ်ဖြတ်ခံထားရတာမျိုးဖြစ်နိုင်ပြီး လည်ပင်းဓားထိုးသွင်းဒဏ်ရာ ၆ ချက်နဲ့ ‌‌ဆုံးပါးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။‌အသတ်ခံရသူဟာ ဝိုင်းမော်မြို့မဈေးမှာ အမဲသားရောင်းတဲ့ အသက် ၄၈ နှစ်ဝန်းကျင် ဒေါ်ဆောင်မျှော် ဖြစ်ပြီး လက်ရှိမှာ လူမှုကူညီရေးအသင်းက ရုပ်အလောင်းကို ဝိုင်းမော်ရင်ခွဲရုံမှာ ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။



news-view-count-icon

30