တရုတ် - မြန်မာ နယ်စပ် ဂိတ်တွေကနေ လတ်တလော စားသောက်ကုန်တွေ ပုံမှန် ဝင်လို့ရပေမယ့် ကြံတင်ပို့ဖို့ ကားနည်းပြီး ကြံတောင်သူတွေ အခက်ကြုံနေကြရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ကြူကုတ် (ပန်ဆိုင်း) - ဝမ်တိန် ဂိတ်ကနေတော့ စားသောက်ကုန်တွေ လူနဲ့ တစ်နိုင်တစ်ပိုင်တရုတ်ဘက် ကနေ မြန်မာဘက် သယ်လို့ရတယ်လို့ ဝမ်တိန် ဒေသခံ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကို ကြံတွေ အဓိက တင်ပို့ နေပေမယ့် တရုတ်ကားတွေပဲ သုံးပြီး ကားနည်းလို့ ကြံတင်ပို့ဖို့ အခက်ကြုံနေကြရကြောင်း ကြံတောင်သူတွေက ပြေပါတယ်။ ကြံကား တချို့က တရုတ်ဘက်ကနေ မြန်မာဘက် ပစ္စည်းတွေ တင်လာလို့ ဖမ်းခံထားရတာတွေလည်း ရှိနေတာကြောင့် ကားက ပိုနည်း သွားတာလို့ သူက ပြောပါတယ်။ မူဆယ်မြို့ပေါ်ရှိ ဆင်ဖြူဂိတ်ကနေတော့ စားသောက်ကုန်၊ အထည်တွေ နေ့တိုင်း ပစ္စည်း ပုံမှန် ဝင်တာရှိတယ်လို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။ 
တရုတ် - မြန်မာ နယ်စပ် ဂိတ်တွေကနေ စားသောက်ကုန်တွေ ပုံမှန်ဝင်လို့ရပေမယ့် ကြံတင်ပို့ဖို့ ကားနည်းပြီး အခက်ကြုံနေ
Mar 05 • 4:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


