မတ်လ၄ရက်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့်ထားဝယ်မြို့တို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်းများ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာ ချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းများကို အပတ်စဉ်တစ်ခုလျှင် ရက်သတ္တခြောက်ပတ်ဖြင့် သင်ကြားပေးလျက်ရှိသလိုဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်ရှစ်ခုကို နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများတွင် စနေ၊ တနင်္ဂနွေနေ့ အထူးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
မြန်မာပြည်တွင်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ အဋ္ဌမအကြိမ် ကျောင်းအခြေပြုစက်မှုစက်ချုပ်သင်တန်းဖွင့်
Mar 05 • 4:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


