မန္တလေးမြို့မှာ၊ ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတစ်လအတွင်း မီးလောင်ကျွမ်းမှု(၁၁)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။မန္တလေးမြို့ရဲ့မြို့နယ်လေးခုမှာ၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း (၁၁)ကြိမ်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းနေအိမ်(၁၀)လုံးခန့်ဆုံးရှုံးခဲ့ရပါတယ်။မီးလောင်မှုအကြောင်းရင်းတွေနဲ့ပတ်သက်လို့တော့ လျှပ်စစ်မီးကြောင့်က(၇)ကြိမ်၊ ဖယောင်းတိုင်မီး ကြောင့်က (၂)ကြိမ်၊ သံဂဟေဆော်ရင်းမီးထလောင်တာက(၁)ကြိမ်၊ မီးကြွင်းမီးကျန်ကြောင့်က(၁)ကြိမ်၊ စုစုပေါင်း(၁၁) ကြိမ်လောင်ကျွမ်းမှုဖြစ်ခဲ့တာဖြစ်ပါတယ်။
Mar 05 • 3:46 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


