back

ရန်ကုန်တိုင်းညောင်တုန်းအနီး ငလျင်ပြင်းထန်စွာ လှုပ်ခတ်

Mar 05 • 3:35 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းညောင်တုန်းအနီး ငလျင်ပြင်းထန်စွာ လှုပ်ခတ်

မတ်လ ၅ ရက် နံနက်အစောပိုင်းတွင် ညောင်တုန်းမြို့အနီး ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ မြေငလျင်တစ်ခုနှင့် နောက်ဆက်တွဲငလျင် ၃ ကြိမ် လှုပ်ခတ်ခဲ့ပြီး ရန်ကုန်နှင့် ...

မတ်လ ၅ ရက် နံနက်အစောပိုင်းတွင် ညောင်တုန်းမြို့အနီး ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ မြေငလျင်တစ်ခုနှင့် နောက်ဆက်တွဲငလျင် ၃ ကြိမ် လှုပ်ခတ်ခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သိသာစွာ ခံစားခဲ့ရသည်။ ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်များမှ နေထိုင်သူအချို့ ထိတ်လန့်တုန်လှုပ်ကာ အောက်သို့ ဆင်းပြေးခဲ့ကြပြီး ပျက်စီးမှုအနည်းငယ်ရှိကြောင်း လူမှုကွန်ယက်တွင် တွေ့ရသော်လည်း တရားဝင်ထုတ်ပြန်ချက် မရှိသေးပေ။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ငလျင်သတိပေးချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ထုတ်ပြန်ထားသည်။


news-view-count-icon

24