မတ်လ ၅ ရက်နေ့တွင် ရန်ကုန်ရပ်ကွက်ဈေးများ၌ ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ပုံမှန်အတိုင်းရှိနေကြောင်းသိရသည်။ ရပ်ကွက်ဈေးများတွင် ကြက်ဥတစ်လုံးလျှင် ၃၆၀ ကျပ်မှ ၄၅၀ ကျပ်အထိ အမျိုးမျိုးရှိပြီး ဘဲဥတစ်လုံးလျှင် ၄၅၀ ကျပ်မှ ၆၅၀ ကျပ်အထိ အမျိုးမျိုးရှိသည်။ ဆေးဘဲဥတစ်လုံး ၈၀၀ ကျပ်နှင့် ငုံးဥ ၁၀ လုံး ၁၀၀၀ ကျပ်ဖြင့်ပုံမှန်ဈေးနှုန်းများအတိုင်းရောင်းချနေကြောင်းသိရသည်။ ပင်ရင်းဈေးများတွင် ကြက်ဥ ၁၆ ကီလိုဂရမ် ၂၈၅ ကျပ်မှ ၂၁ ကီလိုဂရမ် ၃၅၅ ကျပ်အထိ၊ ဘဲဥ ၂၀ ကီလိုဂရမ် ၄၀၀ ကျပ်မှ ၂၁ ကီလိုဂရမ် ၄၅၀ ကျပ်အထိရှိကြောင်းသိရသည်။ ဆေးဘဲဥတစ်လုံး ၆၀၀ ကျပ်နှင့် ငုံးဥ ၁၀ လုံး ၃၂၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။



