ရွှေတိဂုံစေတီတော်၏ (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၊ ဘာသာရေးအဖွဲ့အစည်းများက နှစ်ကျိပ်ရှစ်ဆူဘုရားများကို ပင့်ဆောင်ကာ ရွှေတိဂုံစေတီတော်ကို လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ပွဲတော်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားပြီး ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မဟာပဋ္ဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၁၃ ရက်အထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။



