back

တာချီလိတ်တွင် လျှပ်စစ်မီးပြတ်တောက်မှုရှိသော်လည်း စက်သုံးဆီပုံမှန်ရရှိ

Mar 05 • 12:35 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်တွင် လျှပ်စစ်မီးပြတ်တောက်မှုရှိသော်လည်း စက်သုံးဆီပုံမှန်ရရှိ

ထိုင်းအစိုးရက မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန် လျှပ်စစ်မီးနှင့် စက်သုံးဆီဖြတ်တောက်မှု ၁ လပြည့်ချိန်တွင် တာချီလိတ်၌ လာအိုမှ လျှပ်စစ်မီးကို အလှည့်ကျ...

ထိုင်းအစိုးရက မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန် လျှပ်စစ်မီးနှင့် စက်သုံးဆီဖြတ်တောက်မှု ၁ လပြည့်ချိန်တွင် တာချီလိတ်၌ လာအိုမှ လျှပ်စစ်မီးကို အလှည့်ကျသုံးစွဲနေရပြီး စက်သုံးဆီကိုမူ ပုံမှန်ဝယ်ယူနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။ လျှပ်စစ်မီး ၂၄ နာရီရရှိမှု မရှိတော့ဘဲ တစ်နေ့လျှင် ၈ နာရီသာ ရရှိပြီး စက်သုံးဆီစျေးနှုန်း အနည်းငယ်မြင့်တက်သော်လည်း ဝယ်ယူရရှိမှုမှာ အဆင်ပြေကြောင်း သိရသည်။ ထိုင်းအစိုးရသည် မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူမြို့များတွင် လျှပ်စစ်မီးဖြတ်တောက်ခြင်းအပြင် ကုန်စည်အချို့သယ်ယူခွင့်ကိုလည်း ပိတ်ပင်ထားသည်။


news-view-count-icon

17