back

ထိုင်းမှာ ကိုယ်ဝန် (၈) လရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦး ဆေးမှားသောက်မိလို့ သေဆုံး

Mar 04 • 6:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းမှာ ကိုယ်ဝန် (၈) လရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦး ဆေးမှားသောက်မိလို့ သေဆုံး

မတ်လ ( ၂ ) ရက်နေ့ကထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ဖန်ငခရိုင်တကွာပါမြို့အနီး ဘန့်နန်စီရပ်ကွက်မှာကိုယ်ဝန် (၈) လရှိနေပြီဖြစ်တဲ့ မယုယု ဆိုသူမြန်မာရွှေ့ပြောင်း အမျိုးသမ...

မတ်လ ( ၂ ) ရက်နေ့ကထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ဖန်ငခရိုင်တကွာပါမြို့အနီး ဘန့်နန်စီရပ်ကွက်မှာကိုယ်ဝန် (၈) လရှိနေပြီဖြစ်တဲ့ မယုယု ဆိုသူမြန်မာရွှေ့ပြောင်း အမျိုးသမီးတစ်ဦးဟာ ဆေးမှားသောက်မိလို့ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ပုလုံတုံတုံကျေးရွာသူဖြစ်ကြောင်းနဲ့ သူ့ရဲ့ အမျိုးသားကတော့ နမ္မခင်းကျေးရွာထဲက ငါးဖမ်းစက်လှေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပါတယ်။နေထိုင်တဲ့ အဆိုပါ သေဆုံးသူအမျိုးသမီးဟာ သွေးတိုးရောဂါအခံရှိသလို နေမကောင်းဖြစ်နေတာကြောင့် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပါရာစီတမော့နဲ့ စပွန်ဆာ အချိုရည် တွဲသောက်မိရာကနေ ဆေးအဆိပ်သင့်ပြီး တကွာပါဆေးရုံမှာ အရေးပေါ်တင်ထားစဥ် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။


news-view-count-icon

20