မတ်လ(၃)ရက်နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့ထီလာဦးရပ်ကွက်အနီးမိတ္တီလာ-သာစည်ကားလမ်းတွင်ဆိုင်ကယ်ချင်းတိုက်မိရာမှအမျိုးသားတစ်ဦးဆုံးခဲ့ပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သာစည်သွားကားလမ်းထီလာဦးရပ်ကွက်အနီးမိုင်တိုင်အမှတ်(၁/၅) နှင့်(၁/၆)အကြားတွင်သာစည်မြို့ဘက်မှ
ညီမင်းခ(၁၈)နှစ်အမှတ်(၆)ရပ်ကွက်သာစည်မြို့နေသူမောင်းနှင်ပြီးတစ်ရပ်တည်းနေသူရမင်းထွန်း(၁၆)နှစ်နေရောင်ခြည်(ခ)ဝမ်းဝမ်း(၁၇)နှစ်တို့နောက်မှလိုက်ပါစီးလာသောယာဥ်အမှတ်SHN/---------Honda 125 အဖြူရောင်ဆိုင်ကယ်မှလားရာတူရှေ့မှအာကာဖြိုး(၂၀)နှစ်ချည်စက်ဝန်ထမ်းလက်ပံခေါင်းရွာတောမကျေးရွာအုပ်စုမိတ္တီလာမြို့နယ်နေသူမောင်းနှင်သောယာဥ်နံပါတ်မပါDayangအမျိုးအစားအနက်ရောင်ဆိုင်ကယ်မှလမ်းဝဲဘက်ယာဥ်ကြောမှချိုးကွေ့စဥ်ညီမင်းခမောင်းနှင်သောဆိုင်ကယ်မှအရှိန်မထိန်းနိုင်ပဲဆိုင်ကယ်ဝဲဘက်နောက်ပိုင်းအားဝင်တိုက်မိရာညီမင်းခအပါဝင်သူရမင်းထွန်း အာကာဖြိုးတို့တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးနေရောင်ခြည်(ခ)ဝမ်းဝမ်းမှာနောက်စေ့ဖူးရောင်ဒဏ်ရာဖြင့်အခင်းဖြစ်နေရာ၌ ဆုံးခဲ့ပါတယ်။စစ်ဆေးတွေ့ရှိချက်များအရဆိုင်ကယ်အားမဆင်မခြင်အရှိန်ပြင်းစွာမဆင်မခြင်မောင်းနှင်ခဲ့သူညီမင်းခ(၁၈)နှစ်ဖုန်းရောင်းဝယ်အမှတ်(၆)ရပ်ကွက်သာစည်မြို့နေသူအားအရေးယူပေးရန်တိုင်တန်းချက်အရမိတ္တီလာမြို့မရဲစခန်းယာဥ်(ပ)၅/၂၀၂၅ရာဇသတ်ကြီးပုဒ်မ၃၀၄-က/၃၃၈/၃၃၇ ဖြင့်အမှုဖွင့်အရေးယူပြီးစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။



