back

ရှမ်းပြည်အရှေ့ပိုင်းတွင် သိန်း ၁၅၀၀ ခန့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့

Mar 04 • 5:30 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်အရှေ့ပိုင်းတွင် သိန်း ၁၅၀၀ ခန့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နှင့် ကျိုင်းတုံမြို့တို့တွင် မတ်လ ၁ ရက်တွင် ကျပ်သိန်း ၁၄၅၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး...

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နှင့် ကျိုင်းတုံမြို့တို့တွင် မတ်လ ၁ ရက်တွင် ကျပ်သိန်း ၁၄၅၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိပါတယ်။မတ်လ ၁ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းတွင် နိုင်ကိုဦးဆိုသူမောင်းနှင်သည့် ဆိုင်ကယ်ပေါ်၌ မနန်းကူဆိုသူနှင့်အတူ ငွေကျပ်သိန်း ၁,၃၂၀တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water အလေးချိန် ၁.၂ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းအသီးသီးတွင်ဖမ်းဆီးထားပြီး စိတ်ကိုပြောင်းလဲစေသောဥပဒေနှင့် အရေးယူသွားမည်ဖြစ်ပါတယ်။


news-view-count-icon

37