မတ်လ ၃ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်ကရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင် ကျေးရွာ၊ နယ်မြေ (၅) ရှိ နေအိမ်တစ်လုံးတွင် ငွေရေးကြေးရေးအဆင်မပြေမှုကြောင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့ပါတယ်။သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီးစားသောက်ဆိုင်ကို ပိတ်ထားရသူဖြစ်ကာ ငွေရေး ကြေးရေး အဆင်မပြေမှုကြောင့် စိတ်ညစ်၍ ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကာသေဆုံးသူတွင် အမျိုးသမီးနှင့် ၅ လသားအရွယ် ကလေးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။သေဆုံးသူ၏ ရုပ်အလောင်းကို ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု(၁၀၅)မိုင်မှ အသင်းဝင် ၃ ဦးဖြင့် သွားရောက်သယ်ယူပေးခဲ့ပြီး မိုင်းယုသုသာန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။



