မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ(အေ)ရောဂါဟာ ကိုဗစ်၁၉ ရောဂါလို ရောဂါအသစ်မဟုတ်ဘဲ အရင်ကတည်းက လူနေထူထပ်တဲ့နေရာတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ရောဂါဖြစ်ကြောင်း ၊ ရောဂါက အစားအစာနဲ့ သောက်ရေကနေတဆင့်ကူးစက်တတ်သလို ရောဂါဖြစ်ပွားသူဆီမှာလည်း ကူးစက်မြန်တာကြောင့် ပေါ့ဆလို့မရကြောင်း ပြောဆိုပါတယ်။ အသည်းရောင်အသားဝါ(အေ)ရောဂါက ကူးစက်လွယ်ပြီး အသက်သေဆုံးနိုင်တဲ့အထိပြင်းထန်တဲ့အပြင် ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်တာကြောင့် မပေါ့ဆဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ််။အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ အရေပြားနဲ့ မျက်လုံးဝါခြင်း ၊ ဆီးအရောင်ဝါခြင်း ၊ညာဘက်နံရိုးအောက်ဘက် အောင့်ခဲ့ရင် ဆေးရုံကိုအမြန်ဆုံးသွားရောက်ပြသဖို့လိုအပ်တယ်လို့သိရပါတယ်။ကာကွယ်ဆေးကလည်း အကျိုးသက်ရောက်မှုရှိတဲ့အပြင် ရောဂါကူးစက်မှုကို ၉၅ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်တယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ(အေ)က ကူးစက်မြန်လို့ ကပ်ရောဂါအသွင်ဖြစ်နိုင်တာကြောင့် ကျန်းမာရေးဌာနမှ သတိပေး
Mar 04 • 2:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


