back

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းနဲ့ ကယားပြည်နယ်ရှိ ဖရူဆိုမှာ သောက်သုံးရေများ ရှားပါးပြတ်လပ်မှုဖြစ်‌ေပါ်နေ

Mar 04 • 1:28 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းနဲ့ ကယားပြည်နယ်ရှိ ဖရူဆိုမှာ သောက်သုံးရေများ ရှားပါးပြတ်လပ်မှုဖြစ်‌ေပါ်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။ရခိုင်ဒေသမှာ သောက်ရေ၊ သုံးရေ အဖြစ် အသုံ...

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။ရခိုင်ဒေသမှာ သောက်ရေ၊ သုံးရေ အဖြစ် အသုံးပြုနိုင်တဲ့ ရေချိုရှားပါးမှုပြဿနာ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပေမယ့် ပဋိပက္ခတွေကြား နေရပ် စွန့်ခွာရမှုတွေကြောင့် အခု ၂၀၂၅ ခုနှစ်မှာ ရေရှားပါးတဲ့ပြဿနာ ပိုမို ဆိုးရွားလာပါတယ်။ပုဏ္ဏားကျွန်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ရေရှားပါးလာနေတာဖြစ်ပြီး လက်ရှိမှာ သောက်သုံးရေ ပြတ်လပ်မှု ပိုမို ဆိုးရွားနေတာကြောင့် သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူတွေက ရေကို အကန့်အသတ်နဲ့သာ သုံးစွဲခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေရှားပါးမှု အများဆုံး ကြုံတွေ့နေရတဲ့ ကျေးရွာတွေကတော့ ပုဏ္ဏားကျွန်း - ကျောက်တော် ကားလမ်းမကြီး ဘေးမှာတည်ရှိတဲ့ ကြံခင်း၊ ပန်းနီလာ၊ အောင်ဖြူပြင်၊ သရက်ချို၊ ယိုးငူ၊ တောင်နားရွာနဲ့ ကျင်တလင်းကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ ရေရှားပါးမှုအပြင် သောက်သုံးရေ မသန့်ရှင်းမှုတွေကြောင့် ကလေးငယ် အများစုမှာ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ခံစားနေရတယ်လို့ သိရပါတယ်။ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာလည်း သောက်သုံးရေ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီး ရေမလုံလောက်တဲ့အတွက် တစ်ပတ်လျှင် တစ်အိမ်ထောင်ကို ရေငါးပုံး သတ်မှတ်ပြီး သုံးစွဲနေရပါတယ်။




news-view-count-icon

25