တောင်သူလယ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ ဒီအခမ်းအနားမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် က တောင်သူလယ်သမားတွေကို ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆုရသူတွေကလည်း ကျေးဇူးတင်စကားတွေ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ဒေသထွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေနဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုပြခန်းတွေကိုလည်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။



