တာချီလိတ်မြို့ ဝမ်လုံးအုပ်စု လွယ်စတုံအောက်ရွာယန်းခေါင်ရွာသွား လမ်းမကြီးပေါ်ရှိ ကျေးသီးကုန်စုံဆိုင် လုယက်မှု ဖြစ်ပွားရာ ၎င်း ဆိုင်တွင်ဆိုင်ရှင် လင်မယား၂ယောက်ထဲရှိနေချိန် ကားအနက်ရောင်ဖြင့် လူ၃ဦး ရောက်ရှိလာပြီး ဆိုင်ရှင်ယောက်ကျားဖြစ်သူအား ဂျပန်ကြိုးဖြင့် တုတ်နှောင်၍ မအော်နဲ့ အော်ရင် သတ်ပြစ်မယ်ဟု သေနတ်ဖြင့် တေ့၍ ချိန်းခြောက်ပြောဆိုကာ အံဆွဲထဲရှိ (ဘတ်ငွေ၇၀၀၀)ကို လုယက်ယူဆောင် သွားသည်ဟု သိရပြီးအခင်းဖြစ်နေရာနှင့် လုယက်သူများ သွားလာနိုင်သော လမ်းများကို ပိတ်ဆို့ ရှာဖွေ၍ လုယက်သူများကို အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်လျှက် ရှိပါကြောင်းကို သတင်းတင်ပြအပ်ပါသည်။



