ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ် ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက လာမည့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကင်မစ်ချ် ကို သက်တမ်း တိုးရန် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ကာ ကင်မစ်ချ် ကို သက်တမ်းမတိုးတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။



