ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပန်းတောင်းမြို့နယ်၊ ဘူးဘက် ကျေး ရွာစစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ရာ သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်းနှင့် ကျော်ဆန်းမင်းတို့နှင့်အတူ ယာဉ်အမှတ်၊ BGO-11/2R-2073 SOJEN အဖြူရောင်ယာဉ်ပေါ်မှ စက္ကူပုံး ၆ ပုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀.၂ သိန်းပြား၊ ကာလတန်ဖိုးငွေကျပ် ၁.၅၃ ဘီလီယံခန့်အား လည်းကောင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင် တို့နှင့်အတူ ယာဉ်အမှတ်၊ YGN-41/HH-2534 Probox အဖြူရောင်ယာဉ်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများ ၏ ထွက်ဆိုချက် အရ ပြည်မြို့ရှိ ကုန်းမြင့်သာတည်းခိုခန်း၌ ကျော်ဝင်း နှင့် သောင်းထွန်း တို့အား ယာဉ်အမှတ်၊ BGO-11/2P-6694 Daihatsu Hijet အစိမ်းရောင်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။



