back

မိုတိုဂျီပီ ရာသီအဖွင့်ပွဲတွင် မားကွက်ဇ် အနိုင်ရ

Mar 03 • 3:03 PM

breaking-news

မြန်မာ

ပြည်ပ

cover

မိုတိုဂျီပီ ရာသီအဖွင့်ပွဲတွင် မားကွက်ဇ် အနိုင်ရ

စပိန်နိုင်ငံသား မက်စ်မားကွက်ဇ်ဟာ မိုတိုဂျီပီရာသီအဖွင့်ပွဲဖြစ်တဲ့ ထိုင်းမိုတိုဂျီပီ ပြိုင်ပွဲ ၂ ရက်စလုံးမှာ အနိုင်ရပြီး ချန်ပီယံအမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါတ...

စပိန်နိုင်ငံသား မက်စ်မားကွက်ဇ်ဟာ မိုတိုဂျီပီရာသီအဖွင့်ပွဲဖြစ်တဲ့ ထိုင်းမိုတိုဂျီပီ ပြိုင်ပွဲ ၂ ရက်စလုံးမှာ အနိုင်ရပြီး ချန်ပီယံအမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မားကွက်ဇ်ဟာ မိုတိုဂျီပီ ကမ္ဘာ့ ချန်ပီယံဆုကို ၆ ကြိမ်ရရှိထားသူဖြစ်ပြီး စနေနဲ့ တနင်္ဂနွေ ၂ ရက်စလုံးမှာ နိုင်ပွဲတွေကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ မားကွက်ဇ်ဟာ အကောင်းဆုံးပုံစံနဲ့အတူ ပြိုင်ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ၃၉ မိနစ် ၃၇ ဒသမ ၂၄ စက္ကန့်နဲ့ အနိုင်ရခဲ့တာပါ။


news-view-count-icon

17