ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၀၄ ရပ်ကွက်၊ မင်းရဲကောင်းပုံဈေးအနီး ရွှေဂျိုးဖြူနှင့် ရွှေဟင်္သာလမ်းထောင့်၊ အမှတ်(၁၄၈၅) ရှိ ခိုင်နှင်းဝေဖောင်ဒေးရှင်း အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ်ကာ ကုသပေးလျက်ရှိကြောင်း သိရသည်။ ခိုင်နှင်းဝေဖောင်ဒေးရှင်း အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းတွင် သက်ကြီးရွယ်အိုများ၊ ဆင်းရဲနွမ်းသူများ၊ ကလေးသူငယ်များအား လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ခိုင်နှင်းဝေဖောင်ဒေးရှင်း အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင် ဖွင့်လှစ်ကာ ကုသပေးလျက်ရှိကြောင်း သိရပါသည်။



