back

တရုတ်နိုင်ငံ ဟောင်ကောင်ဆိပ်ကမ်းတွင် ကွန်တိန်နာသင်္ဘော ဝင်တိုက်မိမှု ဖြစ်ပွား

Mar 03 • 2:59 PM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံ ဟောင်ကောင်ဆိပ်ကမ်းတွင် ကွန်တိန်နာသင်္ဘော ဝင်တိုက်မိမှု ဖြစ်ပွား

တရုတ်နိုင်ငံ ဟောင်ကောင်ဆိပ်ကမ်း Kwai Tsing ကွန်တိန်နာ တာမင်နယ်တွင် ကမ်းကပ်ထားသည့် 9,640-teu အရွယ်အစား ၁၉၉၉ တွင် တည်ဆောက်ပြီးစီးသည့် ကွန်တိန်နာသင်္ဘော Clifford M...

တရုတ်နိုင်ငံ ဟောင်ကောင်ဆိပ်ကမ်း Kwai Tsing ကွန်တိန်နာ တာမင်နယ်တွင် ကမ်းကပ်ထားသည့် 9,640-teu အရွယ်အစား ၁၉၉၉ တွင် တည်ဆောက်ပြီးစီးသည့် ကွန်တိန်နာသင်္ဘော Clifford Maersk ကို စနေနေ့ (မတ်လ ၂)ရက်တွင် 14,026-teu အရွယ်အစား ၂၀၁၈ တွင် တည်ဆောက်ပြီးစီးသည့် ကွန်တိန်နာသင်္ဘော ONE Columba က ဝင်တိုက်မိသည်။ ONE Columba သည် ကမ်းကပ်ရန် လုပ်ဆောင်နေစဉ် ရုတ်တရက် စက်သေသွားသည်ဟု ယူဆရသည်။ Clifford Maersk မှ ကွန်တိန်နာ ၃ လုံး ရေထဲ ပြုတ်ကျသွားခဲ့သည်ကို ပြန်လည်ဆယ်ယူခဲ့သည်။ ထိခိုက်ပျက်စီးထားသည်ကို စစ်ဆေးခဲ့ပြီးနောက် သင်္ဘောသည် မတ်လ ၂ ရက်မှာ ဟောင်ကောင်ဆိပ်ကမ်းမှ ထွက်ခွာသွားသည်။ထိခိုက်ဒဏ်ရာသူ မရှိကြောင်းနှင့် ရေထုညစ်ညမ်းမှု မရှိကြောင်း သိရသည်။



news-view-count-icon

20