back

ဝေဖန်သူဖြစ်ရတာ လွယ်တယ်လို့ ဝိန်းရွန်နီကို အာမိုရင် တုန့်ပြန်

Mar 03 • 12:01 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဝေဖန်သူဖြစ်ရတာ လွယ်တယ်လို့ ဝိန်းရွန်နီကို အာမိုရင် တုန့်ပြန်

ယူနိုက်တက်အသင်းရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလား ရဖို့ဆိုပြီး ပြောခဲ့တဲ့အပေါ် နုံအတဲ့သူလို့ မှတ်ချက် ပေးခဲ့တဲ ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီကို နည်းပြအာမိုရ...

ယူနိုက်တက်အသင်းရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလား ရဖို့ဆိုပြီး ပြောခဲ့တဲ့အပေါ် နုံအတဲ့သူလို့ မှတ်ချက် ပေးခဲ့တဲ ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီကို နည်းပြအာမိုရင်က ဝေဖန်သုံးသပ်သူဖြစ်ရတာ လွယ်ကူတယ်လို့ပြောကာ တုန့်ပြန်ခဲ့ပါတယ်။ အာမိုရင်က “ပရီးမီးယားလိဂ်က ရည်မှန်းချက်ပန်းတိုင်ပါ။ ဒီလိုပြောတာကို နုံအတယ်လို့ ထင်ကြမှာပါ။ ဘာလို့လဲ ဆိုရင် ကျနော်တို့ရဲ့ လက်ရှိအနေအထားက အလွန်ဝေးကွာနေလို့ပါ။ ဒါကို ကျနော်သိပြီး အလွန်လွယ်ကူပါတယ်။ ကျနော်ဟာ ကစားသမားဘဝ ကုန်ဆုံးပြီးချိန်မှာ ဝေဖန်သုံးသပ်သူဖြစ်ခဲ့ပြီး ဒါက အလွန်လွယ်ကူတယ်ဆိုတာ သိပါ တယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလား ရဖို့ဖြစ်ပြီး အားလုံးရည်မှန်းထားတဲ့ အရာပါ။ အခုက ခက်ခဲတဲ့ အခိုက်အတန့်မှာရှိနေပြီး ပိုကောင်းအောင်လုပ်ရမှာပါ။ ကျနော်က နုံအတဲ့သူ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

news-view-count-icon

21