တူရကီအစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကာ့ဒ်အလုပ်သမားပါတီ(PKK) တပ်ဖွဲ့များက မတ်လ ၁ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါသည်။ ထောင်ဒဏ် ချမှတ်ခံထားရသည့် PKK ခေါင်းဆောင် အော်ကလန် (Abdullah Ocalan) က လက်နက် ဖျက်သိမ်း ရန် တိုက်တွန်းမှုနှင့်အတူ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး ကြေညာမှုသည် နှစ်ပေါင်း ၄၀ ကြာ ဖြစ်ပွားနေသော သောင်းကျန်းမှုကို အဆုံးသတ်စေနိုင်သည့် ရှေ့ပြေးလက္ခဏာ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက်က အော်ကာလန်သည် PKK အဖွဲ့ကို လက်နက်ချရန်နှင့် အဖွဲ့ကို ဖျက်သိမ်းရန် တိုက်တွန်းခဲ့သည်။



