တောင်သူများ အဓိကသုံးစွဲနေသည့် မြေဩဇာ ၄ မျိုးအတွက် မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေးတွေကို သတ်မှတ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ ထုတ်ပြန်ရာတွင် ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၅,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။



