အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၂ ရက်နေ့အထိကျင်းပမည့် IRANEXPO 2025 (7th Edition) သို့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များတက်ရောက်ပါက ကုန်ကျစရိတ်များ အီရန်ဖက်မှ ပံ့ပိုးကျခံပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲသည် ခေတ်မီဆန်းသစ်မှုများ ရှာဖွေရန်၊ စက်မှုခေါင်းဆောင်များအကြား ချိတ်ဆက်မှုနှင့် ကမ္ဘာတစ်ဝှမ်းမှ ကွဲပြားသောယဉ်ကျေးမှုများ လေ့လာရန်တို့အတွက် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ရာ ပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် http://www.iranexpo.co/2025/vr တွင် လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလိုသည်များအား WhatsApp No. +66 646 411 089 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အပြင်မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊
E-mail: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။



