back

ဒေါ်လာ (၅၀၀) အောက်တန်ဖိုးရှိသည့် ပြည်တွင်းထုတ်သစ်အချောထည်များ စာရွက်စာတမ်းမလိုအပ်ဘဲ ပြည်ပသို့ တင်ပို့နိုင်ရေးညှိနှိုင်းနေ

Mar 02 • 3:15 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဒေါ်လာ (၅၀၀) အောက်တန်ဖိုးရှိသည့် ပြည်တွင်းထုတ်သစ်အချောထည်များ စာရွက်စာတမ်းမလိုအပ်ဘဲ ပြည်ပသို့ တင်ပို့နိုင်ရေးညှိနှိုင်းနေ

ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့်ကြမ်းခင်းများကို ပြည်ပသို့တင်ပို့ရာတွင် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ (၅၀၀)ထက် မကျော်ပါက စာရွက်စာတမ်းမလို အပ်ဘဲ တင်...


ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့်ကြမ်းခင်းများကို ပြည်ပသို့တင်ပို့ရာတွင် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ (၅၀၀)ထက် မကျော်ပါက စာရွက်စာတမ်းမလို အပ်ဘဲ တင်ပို့ခွင့်ရရှိရန် မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းနှင့် သစ်တောဦးစီးဌာနတို့ ညှိနှိုင်းလျက်ရှိပြီးယင်းတွင် အမှတ်တရပစ္စည်းများဖြစ်သည့် စားပွဲ၊ ကုလားထိုင် စသည်တို့ ပါဝင်ပြီး ၎င်းတို့ကို စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရေး ညှိနှိုင်းနေကြောင်း သိရသည်။သစ်အချောထည်အဖြစ် ကျွန်းသစ်ကို အချောထည်ပြုလုပ်ကာ အဓိကထား တင်ပို့ပြီး ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း စသည့် သစ်အမျိုးအစားများကိုလည်း ပါကေးအစားထိုး ပြုလုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။


news-view-count-icon

26