back

(၆၃)ကြိမ်မြောက် အမျိုးသား တံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကိုရန်ကုန်မြို့မှာကျင်းပ

Mar 02 • 3:14 PM

breaking-news

မြန်မာ

ရန်ကုန်

cover

(၆၃)ကြိမ်မြောက် အမျိုးသား တံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကိုရန်ကုန်မြို့မှာကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် Myanmar Shwe Pyi Tractor Limited တို့ ပ...


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် Myanmar Shwe Pyi Tractor Limited တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် (၆၃)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲ "Cycling Esports National Championships 2025"နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးအားကစားစခန်း (YTC)ကွင်းရှိ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၌ကျင်းပခဲ့သည်။အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ရက်နေ့မှ မတ်လ ၂ရက် နေ့အထိ ကျင်းပခဲ့ပြီး Men Junior တန်းတွင် ပြိုင်ပွဲဝင်အားကစားသမား ၅၈ဦး ၊ Women Elite တန်းတွင် ပြိုင်ပွဲဝင်အားကစားသမား၂ဝဦး နှင့် Men Elite တန်းတွင် ပြိုင်ပွဲဝင်အားကစားသမား ၂၂ဦး ၊ စုစုပေါင်း ပြိုင်ပွဲဝင်အားကစားသမား ၁၀၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၆) ကီလိုမီတာ အမှတ်ပေးစနစ်ဖြင့် ဆုပေးခဲ့ကြောင်းသိရှိရသည် ။




news-view-count-icon

19