အီဝတဲစီရင်စုအစိုးရသည် နောက်ထပ်နေအိမ် ၁၄၁ လုံးမှ လူ ၃၃၃ ဦးအား ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ရာ ယခင်ကမူအိမ်ထောင်စု ၁,၉၀၀ ခန့်မှ နေထိုင်သူ ၄,၀၀၀ ကျော်အား အိုးအိမ်စွန့်ခွာရန်ပြောကြားခဲ့ပြီးဖြစ်ကြောင်းလည်းကျိုဒိုသတင်းတွင် ဖော်ပြထားသည်။စုစုပေါင်း လူ ၁,၀၃၃ ဦးသည် မြို့တွင်းရှိ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးစခန်းများတွင် ခိုလှုံနေကြရသည်ဟုလည်းသိရသည်။



