ပဲခူးမြို့၊ ဆံတော်ရှင်ကျိုက်ပညာယျစေတီအနီး၌ မတ်လ ၁ ရက်နေ့က ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပန်းမန်ပြပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ပဲခူးခရိုင် (၆)ခုမှ ဒေသထွက်သစ်သီးဝလံပန်းမန်များ၊ လယ်ယာသုံးစက်ကိရိယာများ၊ မွေးမြူရေးဆိုင်ရာပြခန်းများ၊ မျိုးစေ့၊ သွင်းအားစုနှင့် ဒေသထွက်ကုန်အရောင်းပြခန်း စုစုပေါင်း (၁၀၀)ခန်းကျော် ခင်းကျင်းပြသရောင်းချခဲ့ကြောင်း၊ ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ FDA ထောက်ခံချက်ရရှိရေးနှင့် ပြည်ပပို့ကုန်အဆင့်ထိ မျှော်မှန်းထုတ်လုပ်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသထွက်ကုန်အမျိုးပေါင်း (၈၀၀)ကျော် ပြသထားပြီး စတုဒိသာကျွေးမွေးခြင်း၊ ဈေးဝယ်သူများ၊ ဇာတ်သဘင်ကြည့်ရှုသူများနှင့် ကလေးကစားကွင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။



