back

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ကျိုင်းတုံ - တောင်ကြီးအဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိ

Mar 02 • 3:26 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ကျိုင်းတုံ - တောင်ကြီးအဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိ

မတ်လ ၁ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်ကရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ - တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ကျိုင်းတုံမြို့အကျော်က စပါယ်ရှယ်တောင် အဆင်းမှာ ခရ...

မတ်လ ၁ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ - တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ကျိုင်းတုံမြို့အကျော်က စပါယ်ရှယ်တောင် အဆင်းမှာ ခရီးသည်တင် ယာဉ်တစီး ချောက်ထဲပြုတ်ကျသွားလို့ ခရီးသည် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိပြီး ၇ ဦး သေဆုံးခဲ့ပါတယ်။ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ်တောင် အဆင်းမှ ခရီးသည် ၂ဝ ကျော်စီးလာတဲ့ ယာဉ်အက်စီးဒင့်ဖြစ်ခဲ့ရာတာချီလိတ် ကနေ ရန်ကုန် သွားတဲ့ GI Expess ဖြစ်ပြီး ကျိုင်းတုံ အကျော် စပယ်ရှယ်တောင် အနီးမှာ တောင်အောက်သို့ ပြုတ်ကျ သွားတာဖြစ်ပါတယ်။ မတ်လ ၁ ရက်နေ့ည ၁၁နာရီဝန်းကျင် ခန့်က လူနာ ၂၀ ကို ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီးမတ်လ ၂ ရက်နေ့ မနက် ၂ နာရီ အချိန် အထိ update သတင်း အရ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၈ ယောက်ထဲက အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။



news-view-count-icon

24