back

ပြည်တွင်းဝါးကုန်ကြမ်းမှသည် နိုင်ငံတကာအဆင့်မီ တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်

Mar 02 • 3:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းဝါးကုန်ကြမ်းမှသည် နိုင်ငံတကာအဆင့်မီ တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်

ဝါးတစ်လုံးရဲ့တန်ဖိုးက ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းပေါ်မှာမူတည်ပြီး ကွာသွားနိုင်တယ်၊ မူလတန်ဖိုးရဲ့တစ်ဆလား၊ ဆယ်ဆလားအမျိုးမျိုးဖြစ်နိုင်တယ်၊ အဓိကက နည်းပညာပဲ” ဟု ဝါ...

ဝါးတစ်လုံးရဲ့တန်ဖိုးက ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းပေါ်မှာမူတည်ပြီး ကွာသွားနိုင်တယ်၊ မူလတန်ဖိုးရဲ့တစ်ဆလား၊ ဆယ်ဆလားအမျိုးမျိုးဖြစ်နိုင်တယ်၊ အဓိကက နည်းပညာပဲ” ဟု ဝါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌလည်းဖြစ် Orchard ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူက ပြောသည်။ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလတ်တိုကျေးရွာ Orchard Farm သဘာဝငါးမွေးမြူရေးကန် ကန်ပေါင်တစ်လျှောက်သူကိုယ်တိုင် စနစ်တကျစိုက်ပျိုးထားသည့် ဝါးပင်များအား ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်ထုတ်ကုန်များအဆင့်သို့ တိုးမြှင့်ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင် ကြိုးစားလုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။


news-view-count-icon

22