မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူ ၁၁၁ ဦးအတွက် ဧက ၃၅၀ စိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင်ငွေဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ညီမျှသော သွင်းအားစုများကို မတ် ၁ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနမှ ပေးအပ်ခဲ့ပြီး၊ ပွင့်ဖြူမြို့နယ်တွင်လည်း ၂၀၂၄ ခုနှစ် မိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါ ဧက ၅၈၀၀ ကျော်ကို ဒီဇင်ဘာလမှစတင်ကာ ဖေဖော်ဝါရီလအထိ အောင်မြင်စွာ ရိတ်သိမ်းပြီးစီးခဲ့ကြောင်း၊ ယခင်နှစ်များထက် ဝါအထွက်နှုန်း ပိုကောင်းခဲ့ပြီး တစ်ဧကလျှင် ပိဿာ ၅၃၁ ပိဿာအထိ ထွက်ရှိကြောင်းနှင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးနှင့် သီးနှံပိုးမွှားရောဂါ ကင်းရှင်းရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



