ပဲခူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ပြီး "ရေထုနှင့် အဏ္ဏဝါသန့်စင်လာရေး" စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် ပဲခူးမြစ်ကမ်းဘေးတစ်လျှောက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး ပဲခူးမြစ်ကမ်းတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း ပြုလုပ်ခဲ့ကြသည်။



