ပြည်တွင်းဝါဂွမ်း လုံလောက်သော်လည်း ချည်တင်သွင်းမှု လျှော့ချရန် ဝါသီးနှံအထူးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ ဝါအခြေခံစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ MSME လုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ခြင်း၊ ပြည်တွင်းဖြစ် အဝတ်အထည်များ သုံးစွဲရန် တိုက်တွန်းခြင်း၊ ပုဂ္ဂလိကကဏ္ဍမှ စားသောက်ကုန်နှင့် စက်မှုကုန်ကြမ်းသီးနှံများ တန်ဖိုးမြှင့် ထုတ်လုပ်ခြင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းခြင်း၊ စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများနှင့် အတတ်ပညာသင် အထက်တန်းကျောင်းများ ဖွင့်လှစ်ခြင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နို့စားနွား၊ အသားတိုးနွားများ တိုးချဲ့မွေးမြူခြင်း၊ မျိုးကောင်းမျိုးသန့်များ ပေါ်ထွန်းရေး ဆောင်ရွက်ခြင်း၊ မွေးမြူရေးဇုန်များ ဖော်ဆောင်ခြင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာများ ထူထောင်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် တိရစ္ဆာန်မျိုးကောင်းများ ဖြန့်ဖြူးခြင်း၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးများ ထောက်ပံ့ခြင်း၊ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အရင်းမပျောက်မတည်ငွေများ ထုတ်ပေးပံ့ပိုးခြင်း၊ စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။



