၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငါး၊ ပုစွန် ထုတ်လုပ်မှု မက်ထရစ်တန်ချိန် ၆.၃ သန်းကျော်ရှိပြီး ရေထွက်ကုန် ၅.၂ သိန်းကျော်ကို နိုင်ငံပေါင်း ၄၀ သို့ တင်ပို့နိုင်ခဲ့ကာ ပြည်တွင်းရိက္ခာ ဖူလုံရေးနှင့် ငါးမွေးမြူရေး နည်းပညာ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စိုက်ပျိုး/မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေးရှု၍ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးရေး အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပ ဖူလုံရေးအတွက် တောင်သူလယ်သမားများ၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင် ဂုဏ်ပြုကြောင်းနှင့် အရင်းအမြစ်များ ပေါင်းစပ်၍ ရေရှည်ဖွံ့ဖြိုးရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။



