ဂျပန်နိုင်ငံက သစ်တောတွေနဲ့ တောင်တန်းဒေသတွေမှာ တောရိုင်းသမင်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ လျှော့ချရေးအစီအမံတွေပါဝင်မယ့် ခရိုင်တွေအတွက် လမ်းညွှန်ချက်အသစ်တွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနရဲ့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က ရေးဆွဲနေပါတယ်။ကြာသပတေးနေ့က အစည်းအဝေးတစ်ခုမှာ ခရိုင်အများအပြားမှာ သမင်တွေကို အမဲလိုက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဂေဟစနစ်တွေ ဆိုးရွားစွာ ပျက်စီးမှုတွေရှိခဲ့ပါတယ်။ သမင်တွေက သဘာဝပေါက်ပင်တွေကို စားရာကနေ တောင်ထူထပ်တဲ့ဒေသတွေက မြေကြီးတွေ ပွလာတဲ့အတွက်ကြောင့် မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်ဆိုတာကို လမ်းညွှန်ချက်အသစ်မှာ ဖော််ပြသင့်တယ်လို့ အဲဒီကျွမ်းကျင်သူတွေက ပြောပါတယ်။ ဧပြီလမှာ စတင်မယ့် ဘဏ္ဍာရေးနှစ်အတွင်း လမ်းညွှန်ချက်အသစ်တွေကို တင်ပြဖို့ အဲဒီဝန်ကြီးဌာနက စီစဉ်နေပါတယ်။



