back

မန်စီးတီး ကွင်းလယ်လူ ရိုဒရီ လေ့ကျင့်မှုများ ပြန်လုပ်နေ

Mar 01 • 2:58 PM

breaking-news

မြန်မာ

ပြည်ပ

cover

မန်စီးတီး ကွင်းလယ်လူ ရိုဒရီ လေ့ကျင့်မှုများ ပြန်လုပ်နေ

ဒူးအရွတ်ဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် တစ်ရာသီလုံးနီးပါး အနားယူ ခဲ့ရတဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြန်လည...

ဒူးအရွတ်ဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် တစ်ရာသီလုံးနီးပါး အနားယူ ခဲ့ရတဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ရိုဒရီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဒူးအရွတ် ဒဏ်ရာကိုရခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ တစ်ဦးတည်းလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ရိုဒရီရဲ့ ပုံတွေကို မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက မကြာခင်မှာရိုဒရီပြန်ကစား နိုင်တော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆို သွားခဲ့ပြီး တစ်ဆင့်ချင်းစီသွားရမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။


news-view-count-icon

18