back

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မြန်မာအစိုးရနှင့် CITIC Consortium Myanmar Port Investment Limited ၏ နေပြည်တော် အစည်းအဝေး‌ကျင်းပ

Mar 01 • 1:55 PM

breaking-news

မြန်မာ

ရခိုင်

cover

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မြန်မာအစိုးရနှင့် CITIC Consortium Myanmar Port Investment Limited ၏ နေပြည်တော် အစည်းအဝေး‌ကျင်းပ

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနှင့် CITIC နှစ်ဖက်စလုံး လိုက်နာရမည့် အခြေအနေများ ညှိနှိုင်း...


ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနှင့် CITIC နှစ်ဖက်စလုံး လိုက်နာရမည့် အခြေအနေများ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၇/၂၈ ရက်က ကျင်းပခဲ့ကြပါသည်။ စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်းနှင့် တရုတ်နိုင်ငံအတွက် ဗျူဟာမြောက်ဖြစ်သော မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်သွားရန်၊ သတ်မှတ်ထားသော အချိန်လိုင်းမကုန်မီ အချိန်ဇယားသတ်မှတ်ခြင်းဖြင့် အလုပ်ပြီးမြောက်ရန် ဆွေးနွေးခဲ့ကြသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မဒေးကျွန်းနဲ့ ကုဋေချီကျွန်းတို့မှာ တည်ရှိတာဖြစ်ပြီး အကြီးစား ကုန်တင်သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနိုင်တဲ့ ကုန်စည်တင်ပို့ရာ ရေနက်ဆိပ်ကမ်း အမျိုးအစား ဖြစ်ပြီးရေနက်ဆိပ်ကမ်း အထောက်အကူပြု ဆိပ်ခံတံတားတွေကိုလည်း ကျောက်ဖြူမြို့မှာ တည်ဆောက်နေတာ ဖြစ်ပါသည်။



news-view-count-icon

35