back

မတ်လအတွင်း လကြတ်သည့်ဖြစ်စဉ်ကြုံသော်လည်း မြန်မာနိုင်ငံမှ မြင်နိုင်မည်မဟုတ်

Mar 01 • 1:53 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မတ်လအတွင်း လကြတ်သည့်ဖြစ်စဉ်ကြုံသော်လည်း မြန်မာနိုင်ငံမှ မြင်နိုင်မည်မဟုတ်

၂၀၂၅ ခုနှစ်အတွင်း လကြတ်သည့်ဖြစ်စဉ်နှစ်ကြိမ်ကြုံမည်ဖြစ်ပြီး မတ်လအတွင်းတွင် ကြုံတွေ့မည့် ဖြစ် စဉ်၌ မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ နက္ခ...


၂၀၂၅ ခုနှစ်အတွင်း လကြတ်သည့်ဖြစ်စဉ်နှစ်ကြိမ်ကြုံမည်ဖြစ်ပြီး မတ်လအတွင်းတွင် ကြုံတွေ့မည့် ဖြစ် စဉ်၌ မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်ဝါသနာရှင်များအဖွဲ့မှ သိရသည်။အဆိုပါ ဖြစ်စဉ်ကို မတ်လ ၁၃ ရက်တွင် ကြုံတွေ့မည်ဖြစ်ပြီး လအပြည့်ကြတ်သည့် ဖြစ်စဉ်မျိုးလည်း ကြုံ မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ မြင်တွေ့နိုင်ခြင်း မရှိသော်လည်း ဥရောပ၊ အာရှနှင့် သြစတြေးလျမှ မြို့အများစု တွင် လည်းကောင်း၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ ပစိဖိတ်၊ အတ္တလန္တိတ်၊ အာတိတ်၊ အန္တာတိက တို့ မှ မြင်တွေ့နိုင်မည်ဖြစ်ပြီး 'Blood Moon' ဟူ၍လည်း ယင်းဖြစ်စဉ်အပေါ်သိပ္ပံပညာရှင်များက သတ်မှတ်ထား လျက်ရှိသည်။နေကြတ်သည့်ဖြစ်စဉ်ကိုလည်း အဆိုပါမတ်လအတွင်း မတ်လ ၂၉ ရက်တွင်ကြုံမည်ဖြစ်ပြီး တစ်စိတ်တစ် ပိုင်းကြတ်သည့်ဖြစ်စဉ်မျိုးကြုံမည်ဖြစ်သလို နေကြတ်ချိန်မှာ မြန်မာနိုင်ငံတွင် နေမထွက်သေးသည့် အချိန်တွင်ဖြစ် သည့်အတွက် မြင်နိုင်မှုမရှိကြောင်း သိရသည်။




news-view-count-icon

23