တစ်ခေတ်တစ်ခါက တေးသီချင်းများနားဆင်ရန်အတွက် အသုံးပြုသူများခဲ့သည့် ကက်ဆက်နှင့်တိတ် ခွေ များကို လက်ရှိကာလတွင် ဈေးကွက်တစ်ခုအဖြစ် အရောင်းအဝယ်ပြန်ဖြစ်နေကြောင်း အရောင်းအဝယ်ပြု လုပ်နေသူများ ထံမှ သိရသည်။ လက်ရှိအွန်လိုင်းဈေးကွက်အတွင်းအရောင်းအဝယ်ပြုနေကြသည့် သီချင်းတိတ်ခွေများထဲတွင် တစ် ခေတ်တစ်ခါ က နာမည်ကျော်ကြားလူသိများခဲ့သည့် မြန်မာအဆိုတော်များ၏ သီချင်းခွေများအပြင် အင်္ဂလိပ်သီ ချင်းခွေများ ကိုပါ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။



