မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောက်သင်ပုန်းလုပ်ငန်းများအနေဖြင့် နှစ်စဉ်ပွင့်လင်းရာသီ ရောက် တိုင်းအရောင်းအဝယ်ကောင်းလေ့ရှိသော်လည်း ကုန်ကြမ်းရှားပါးမှုနှင့် ဝယ်လက်နည်းလာမှုတို့ကြောင့် အခက် အခဲများရှိနေကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ရန်ကုန်အပါအဝင် မြို့ကြီးများကနေ အွန်လိုင်းမှတစ်ဆင့်မှာယူမှုများကို ကားဂိတ်များမှတစ်ဆင့် တင်ပို့ ရောင်း ချပေး နေရသော်လည်း ယခင်ကိုဗစ်ကာလမတိုင်ခင်ကလို ရောင်းအားမကောင်းခြင်းကြောင့် လုပ်ငန်း ရပ်နား သွားသူ များလည်းရှိကြောင်း သိရသည်။



