ချယ်လ်ဆီးအသင်းဟာ ဂိုးသမားနှစ်ဦးဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ ယော်ဂင်ဆန်တို့ လက်စွမ်းပိုင်းတည်ငြိမ်မှုမရှိပေမယ့် နွေရာသီမှာ ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ စပိန်ဂိုးသမား ဆန်းချက်ဇ်ဟာ ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပေမယ့် အမှားယွင်းတွေအများကြီးပြုလုပ်ခဲ့တာပါ။



