back

ဒီဘရိုင်းရဲ့အနာဂတ်က သူ့လက်ထဲမှာပဲရှိတယ်လို့ ဂွာဒီယိုလာ ပြော

Mar 01 • 11:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒီဘရိုင်းရဲ့အနာဂတ်က သူ့လက်ထဲမှာပဲရှိတယ်လို့ ဂွာဒီယိုလာ ပြော

ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဒီဘရိုင်းရဲ့ အနာဂတ်ဟာ သူ့ရဲ့ လက်ထဲမှာပဲရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။ ဂွာဒီယိုလာ...

ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဒီဘရိုင်းရဲ့ အနာဂတ်ဟာ သူ့ရဲ့ လက်ထဲမှာပဲရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။ ဂွာဒီယိုလာက “ကလပ်ရဲ့အနာဂတ်မှာ အစိတ်အပိုင်းအဖြစ် ရှိနေမယ့် အသက် ၃၀ ကျော် ကစားသမားတွေ ရှိပါတယ်။ ဒီဘရိုင်းကတော့ သူနဲ့ ကလပ်က ဆုံးဖြတ်သွားပါလိမ့်မယ်။ စာချုပ်ရှိနေတဲ့ သူတွေကို လာမယ့် ရာသီ အသင်းမှာ ဆက်ရှိဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ကစားသမားအသစ်တွေ ဒါမှမဟုတ် အဟောင်း တွေနဲ့ပဲ လုပ်လို့မရဘဲ အားလုံး အတူတူတွဲလုပ်ရမှာပါ”လို့ ပြောခဲ့တာပါ။

news-view-count-icon

16