မတ်လ ၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ပါရမီဟိုတယ် အကျော်မှာ
ကုန်တင်ကားမောင်းတဲ့ယာဉ်မောင်း အမူးလွန်ပြီး လမ်းဘေးအုတ်တံတိုင်းနဲ့ လမ်းဖြတ်ကူးသူကို ဝင်တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရတနာဖြိုး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းမပေါ်၊ ပါရမီဟိုတယ်အကျော်မှာ ပုလင်းခွံတွေ တင်ဆောင်လာတဲ့ ၁၀ ပေ Aumark အမျိုးအစားယာဉ်က M.E.Cဝန်ထမ်းအိမ်ရာ ခြံစည်းရိုးအုတ်တံတိုင်းကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။


