back

ရှမ်းပြည်နယ်တွင်(၁) လအတွင်း မီးလောင်မှု(၃)ကြိမ် ဖြစ်ပွား၍ ဒေသခံ(၃)ဦး မီးလောင်ဒဏ်ရာရပြီး ကျပ်သိန်းပေါင်း(၈၅၀)မီးလောင် ဆုံးရှုံးခဲ့

Mar 01 • 8:49 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တွင်(၁) လအတွင်း မီးလောင်မှု(၃)ကြိမ် ဖြစ်ပွား၍ ဒေသခံ(၃)ဦး မီးလောင်ဒဏ်ရာရပြီး ကျပ်သိန်းပေါင်း(၈၅၀)မီးလောင် ဆုံးရှုံးခဲ့

ရှမ်းပြည်နယ်တွင် ဖေဖော်ဝါရီလ (၁)လအတွင်း မီးလောင်မှု(၃)ကြိမ် ဖြစ်ပွားပြီး ဒေသခံ(၃)ဦး မီးလောင်ဒဏ်ရာ ရရှိကာ ကျပ်သိန်းပေါင်း (၈၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။မိ...

ရှမ်းပြည်နယ်တွင် ဖေဖော်ဝါရီလ (၁)လအတွင်း မီးလောင်မှု(၃)ကြိမ် ဖြစ်ပွားပြီး ဒေသခံ(၃)ဦး မီးလောင်ဒဏ်ရာ ရရှိကာ ကျပ်သိန်းပေါင်း (၈၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။မိုးကုတ်မြို့တွင် ဖေဖော်ဝါရီ(၂)ရက်နေ့ ညနေပိုင်း(၄)နာရီကျော်အချိန်တွင် ဦးကျော်မင်းဦး ဆိုသူမှ မီးစက်နိုးထားပြီး ဝါယာကြိုးရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ပြီး ဦး‌ဇော်မင်းထွန်းနှင့် ‌ဦးကျော်မင်းဦးတို့(၂)ဦး မီးလောင်ဒဏ်ရာ ရခဲ့ကြပါတယ်။မိုးကုတ်မြို့ ထိုဆိုင်တွင် မီးလောင်ကျွမ်းမှုကြောင့် ကွန်ပျူတာ မျက်စီစမ်းသပ်ခန်း မျက်မှန် မျက်ကပ်မှန်ဆိုင်ခန်းအတွင်းရှိ ပစ္စည်းကိရိယာများ ဆုံးရှုံးမှု ကာလတန်ဖိုးကျပ်သိန်း (၁၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ ကွတ်ခိုင်မြို့ အ.မ.က (၅)ကျောင်းတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၁)ရက် ည(၁၂)နာရီ အချိန်တွင် စာသင်ကျောင်းမှာ ခိုလုံနေသည့် အသက်(၅၇) အရွယ် တားကျော်ဟိန်းသည် ဖယောင်းတိုင်ထွန်းထားပြီး အပြင်သွားနေချိန် မီးစတင်လောင်ကျွမ်းခဲ့မှုကြောင့် စုစုပေါင်း မီးလောင်ဆုံးရှုံးမှု ကာလတန်ဖိုး ငွေကျပ်‌သိန်း(၅၀) ကျော် ဆုံးရှုံးမှု ရှိခဲ့ကပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၉)ရက်ညနေ(၅)နာရီ‌အချိန်မှာလည်း မိုးမိတ်မြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် ဖုန်းကို ဆိုလာပြားနှင့် တိုက်ရိုက်သွင်းထားရာမှ ဖုန်းပေါက်ကွဲပြီး ဘေးရှိ ဘက်ထရီမှတဆင့် နေအိမ်စတင်မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသား(၁)ဦးပါ မီးလောင်ဒဏ်ရာ ရခဲ့ပြီးနေအိမ်အတွင်းရှိ ပစ္စည်းများ ဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၂)ကွင်း၊ နားကပ်(၁)စုံ၊ ငွေ(၁၀)သိန်း၊ ကျောက်(၁)လုံးနှင့် ဖုန်း(၂)လုံး အပါအဝင် စုစုပေါင်းကာလတန်ဖိုး သိန်းပေါင်း(၇၀၀) မီးလောင်ဆုံးရှုံးခဲ့ပါတယ်။


news-view-count-icon

16