အားကောင်းနေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံ အရှေ့တောင်ဘက် ဒေသတွေမှာ လေပြင်းများ တိုက်ခတ်နေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြုံတွေ့နိုင်တာကြောင့် ပြည်သူတွေ အထူးသတိထားကြဖို့ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။လက်ရှိ ထိုင်းပင်လယ်ကွေ့၊ တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အရှေ့လေဖိအားနည်းရပ်ဝန်း အားကောင်းနေတာကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာတော့ မိုးရွာနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။



